About this site
မြန်မာလူငယ်တွေ လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်တာပါ။
ကျွန်တော်တို့ သိထားတာလေးတွေကို စနစ်တကျ ဆောင်းပါးလေးတွေ၊ Video လေးတွေ၊ ဆွေးနွေးပွဲ ပုံစံလေးတွေနဲ့ Future Technology Trend ကို မြန်မာ လူငယ်တွေနဲ့ လုပ်ငန်းရှင်တွေမျက်ချေမပြတ်အောင် ပေးချင်တဲ့ သဘောပါ။
ကျွန်တော် နာမည်က ဇင်မင်းပါ။ မန္တလေး တက္ကသိုလ်ကနေ သင်္ချာနဲ့ ကျောင်းပြီးပြီး စင်္ကာပူကို ၂၀၀၇ ခုနှစ်လောက်က စရောက်ပြီး Software Developer, Senior Software Engineer, System Analysis, Tech Lead, Solution Architect ရာထူးတွေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Singapore NUS မှာ Master of Technology (Software Engineering) ဘွဲ့ ထပ်ယူခဲ့ပါတယ်။ 2023 မှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ အခြေချပြီး Robotic and Drone, AI for Industrial Autonomous Solution စတဲ့ သုတေသနလုပ်ငန်းတွေမှာ အလုပ်လုပ်နေပါတယ်။
မြန်မာပြည်က လူငယ်တွေအတွက် အနာဂါတ်မှာ Technology နဲ့ ဘာလုပ်သင့်လဲ၊ ဘယ်လို စာမေးပွဲတွေ၊ ဘွဲ့တွေပြင်ဆင်သင့်သလဲ ဆိုတဲ့ အကြောင်းတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာကို အသုံးချပြီး လက်ရှိလုပ်ငန်းတွေ လည်ပါတ်ဖို့၊ လုပ်ငန်းအသစ်တွေချဲ့ထွင်ဖို့ ကိုယ်သိထားတဲ့ အတွေ့အကြုံလေးတွေကို အကောင်းအဆို မျှဝေနိုင်ဖို့ ဒီ Site ကလေးကို လုပ်ထားတာပါ။
ကျွန်တော်ရဲ့ Personal Page တွေက
- https://www.facebook.com/zin.min.92/
- https://zinminhtay.medium.com/
- https://www.linkedin.com/in/zinminhtay/
- https://www.facebook.com/profile.php?id=61590755494943
ကျွန်တော်ကို admin@techlighthouse.ai ကနေလည်း ဆက်သွယ်လို့ ရပါတယ်။